အဘိဓမ္မာအနှစ်ချုပ်တရားတော်
အဘိဓမ္မာ
သည်လော ကသုံးပါးနှင့် နိဗ္ဗာန် တို့၏အကြောင်းအရာများကို တကယ် အစစ်အမှန်ရှိသည့် ပရမတ္ထတရား ၄-ပါးတို့ဖြင့် ခွဲခြမ်းစိတ်ဖြာ ၍ ဟောကြားထားသောတရားတော် ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာသည် အဘိဓမ္မာဒေသနာတော်ကို တာဝတိံသာ နတ်ပြည်၌ ၀ါတွင်းသုံးလ ၊တစ်နည်းရက်ပေါင်း (၉၀) တိတိ မရပ်မနား ဟောကြားခဲ့ပါသည်။ဤအဘိ ဓမ္မာဒေသနာတော်ကိုဓမ္မသေနာပတိ အကျော်အ၇ှင်သာရိပုတ္တရာမထေရ်မော်က အကျဉ်းချုံးကာမိမိ၏ တပည့်ငါးရာတို့အားလူ့ပြည်၌တစ်ပြိုင်တည်း ပို့ချပေးခဲ့ပါသည်။

လူတို့အားဆိုးသွမ်းယုတ်ညံ့ဆင်းရဲစေတတ်သည့် အကုသိုလိစေတသိတ်များကို လည်းကောင်း၊ လူတို့၏ဘ၀ကိုမြင့်မြတ်တင့်တယ်ချမ်းသာစေတတ်သည့် သောဘဏ စေတသိတ်များကိုလည်းကောင်း၊ ကောင်းမြတ်သည့်လုပ်ငန်းများ၌အောင်ပန်းဆင်စေတတ်သောဗလအင်အားနှင့်
အဓိပတိတရားများကိုလည်းကောင်း၊ ၀ဋ်ဆင်းရဲတွင်းမှ လွှတ်မြောက်စေပြီး အချမ်းသာဆုံးသန္တိသုခကိုရရှိစေသောကျင့်စဉ်
အမှန်တရားကိုလည်းကောင်း၊ ဗုဒ္ဓအဘိဓမ္မာကတိတိ ကျကျ ညွှန်ပြထားပါသည်။

အတုမရှိအောင် အနှစ်သာရရှိလှသော အတိုင်းမသိအောင် အကျိုးကျေးဇူးကြီးမားလှသော အဘိဓမ္မာအနှစ်ချုပ်ကို လူဖြစ်ကျိုးနပ်အောင် သာသနာတော်နှင့် ကြုံကြိုက်ရကျိုးနပ်အောင် ဆည်းပူးလေ့လာနိုင် ရန်အလို့ငှါ ဒေါက်တာ မင်းတင်မွန် ၏ အဘိဓမ္မာအနှစ်ချုပ် တရားတော်MP-3 များ အားဆည်း ပူးလေ့လာနိုင်ရန် အလို့ငှာ လမ်းညွှန် လိုက် ရပါသည်။

0 Comments:

Post a Comment