မိဘကျေးဇူးကြီးမားပုံ


“ အနှစ်တစ်ရာပတ်လုံးသက်တမ်းမှာ အနှစ်တစ်ရာ သက်တမ်းကာလပတ်လုံး ညာဘက်ပုခုံးပေါ် အဖကိုတင် ၊ ဘယ်ဘက်ပုခုံးပေါ် အမိကိုတင်ပြီး အစစ အရာရာ လိုလေသေးမရှိအောင် လုပ်ကျွေးသော်လည်း မိဘကျေးဇူးမကျေနိုင် ”




မိဘကျေးဇူးကျေအောင်ဆပ်နည်း


၁ ။ သဒ္ဓါတရားမရှိတဲ့ မိဘကို သဒ္ဓါတရားနှင့်ပြည့်စုံအောင်
၂ ။ သီလမရှိတဲ့ မိဘကို သီလနှင့်ပြည့်စုံအောင်
၃ ။ မပေးရက် ၊ မလှူရက်နှမြောဝန်တိုတဲ့ မိဘကို စွန့်ကြဲပေးကမ်းလှူဒါန်းခြင်းနှင့် ပြည့်စုံအောင်
၎ ။ ပညာဥာဏ်မရှိတဲ့ မိဘကို ပညာဥာဏ်နဲ့ ပြည့်စုံအောင် ကောင်းစွာနာယူဆောက်တည်စေမယ် ။ လေးလေးနက်နက်သက်ဝင်ယုံကြည်စေမယ်။ ခိုင်ခိုင်ခံ့ခံ့ တည်တံ့မြဲမြံစေမယ် ဆိုရင်မိဘကျေးဇူး ကိုတုံ့ပြန်ပြီးသား၊ အကျေဆပ်ပြီးသားဖြစ်ပါတယ် ။

မာတုပေါသထသုတ္တာန်




အမေတရားတော်များ
(၁)မိဘကျေးဇူးအကျေဆပ်နည်း
(၂)အမေ့စကားလုံး
(၃)ဆိုးလို့ဆူတာလား ဆူလို့ဆိုးတာလား

ခန္ဓာကိုယ်ကြီးဟာ ချစ်စရာလည်းမဟုတ် မုန်းစရာလည်းမဟုတ် အသုံးချစရာ၊
အသုံးတတ်ရင် လွတ်မြောက်မူဆိုတဲ့ တန်ဘိုးကြီးမားမူကို ရလိမ့်မယ် ။
ဓမ္မဘေရီဆရာတော် အရှင်ဝီရိယ

  • လက်၏ တန်ဆာသည်လက်စွပ်၊ လက်ကောက်မဟုတ် ပေးကမ်းစွန့်ကြဲ ခြင်းသာ
  • နား၏တန်ဆာသည် နားကပ် နားဋောင်းမဟုတ် တရားဓမ္မနာကြားခြင်းသာ။
  • ကိုယ်၏အဆင်း တန်ဆာသည် ဘယက်ဒွါဒရာမဟုတ်၊မေတ္တာဂရုဏာဖြင့် သူတစ်ပါးအကျိုးဆောင်ရွက်ခြင်းသာ။


စစ်ကိုင်းတိုင်း ၊ဘုတလင်မြို့နယ်၊ ရွာမွန်ရွာသုသာန်ကျောင်းတွင်သီတင်းသုံးသော
ဆရာတော်ဘုရားကြီးဦးဝိစာရ သက်တော်(၈၄)နှစ် ၏
ဈာပနအခမ်းအနား နှင့် ဓါတ်တော်များမှတ်တမ်း
(၂ .၂ .၂၀၀၈ )တွင်ခန္ဓာ ဝန်ချသွားပါသည်။

ဒေါင်းလုပ်အပိုင်း (၁)
ဒေါင်းလုပ်အပိုင်း (၂)
ဒေါင်းလုပ်အပိုင်း (၃)
ဒေါင်းလုပ်အပိုင်း (၄)
ဒေါင်းလုပ်အပိုင်း (၅)

ပြုခဲ့တဲ့ ကံအကြောင်း တရားတွေက ၊

ဒုက္ခသစ္စာ ဒီခန္ဓာ၊ တကယ်မသိတာကြောင့်

သမုဒ္ဒယသစ္စာ၊ အကြိမ်ကြိမ်ခါ ပြုခဲ့ပေလို့၊

လည်ကြရ ဘ၀အဖုံဖုံ။

အလိုသံသရာ အဘယ်အစရှာ မရတာကြောင့်၊

အကျွန်ခန္ဓာ ၊ အဘယ်မျှသေ ခဲ့ပါဟု၊

ရေတွက်မရ ၊ ဘ၀အစုံစုံ ။

ဤ သံသရာ ၊ ဒီဘ၀မှာတော့

အသင်ကြုံတာ၊ သာသနာတွင်းမှာမို့

ကုန်စေချင်သည်၊ တဏှာအရင်းခံလို့

မြင်စေချင်သည်၊ ပညာစခန်းဆီသို့

နိဗ္ဗာန်စခန်း ၊အတူမြန်း ရအောင်

လှမ်းကြစို့ လေး။။။။။။။။။။။။။။။။။

မင်းဝေ


ဂါရဝေါစနိဝါတောစ-ရိုသေထိုက်သူအားရိုသေခြင်း၊ မိမိကိုယ်အားနှိမ့်ချခြင်းသည်လည်း
မင်္ဂလာတစ်ပါးဖြစ်သည်ဟု မြတ်စွာဘုရားရှင်ဟောကြားခဲ့ပါသည်။ ကျွန်တော်တို့ အားလုံးဟာ ဗုဒ္ဓဘာသာဝင်များဖြစ်သည်နှင့်အညီ ဘုရားရှင်၏အဆုံးအမကို နာခံသူ များပီသအောင် နေထိုင်ကျင့်ကြံကြသင့်ပေသည်။ ထိုကဲ့သို့နေထိုင်ကျင့်ကြံ သူများသည် လည်း တစ်နည်းအားဖြင့် သာသနာအကျိုး သယ်ပိုးနေခြင်းပင်ဖြစ်ပါတယ်။ ထိုကဲ့သို့ ကျင့်ကြံသူပုဂ္ဂိုလ်အား ကိုးကွယ် ဆည်းကပ်ခြင်းသည်လည်း မြတ်သောကိုးကွယ်ခြင်း ပင်ဖြစ်ပါသည်။ ထို့ထက်ပို၍လောကီကို စွန့်ကာသာသနာဘောင်သို့ဝင်၍ ကိလေသာ ကင်းအောင် အားထုတ်နေသည့်ရဟန်း၊ သံဃာများကို ကိုးကွယ်ဆည်းကပ်ခြင်းသည် ပို၍မြင့်မြတ်ပေသည်။မြတ်ဘုရား၏သာသနာတွင် တစ် စုံတစ်ဦး၏ မြင့်မြတ်မူအားသီလ၊ သမာဓိ၊ ပညာဖြင့်သာ တိုင်းတာပေသည်။ ရဟန်းသံဃာများ သည် သိက္ခာပုဒ် ၂၂၇ ခု အကျယ်အားဖြင့် ကုဋ္ဋေကိုးထောင်ရှိသော ၀ိနည်းတော်များအား စောင့်ထိန်းကြ ရပေသည်။ ထိုကဲ့သို့ သီလအရာ၊ သမာဓိအရာ၊ ပညာအရာတွင်စောင့်ထိန်း ထားသည့်ရဟန်း၊ သံဃာများအား၊ ငါးပါးသီလအား မနည်းလုံအောင်ထိန်းနေရသည့် မိမိတို့ ပုထုဇဉ်များ အနေဖြင့် စိတ်ဖြင့်ပင်မပြစ်မှားသင့်ပါ။ ကျွန်တော် သိတတ်စအရွယ်က သံဃာ တော်အရှင်သူမြတ်များ ကြွလာလျှင်အရှင်သူမြတ်၏ ခြေအစုံအားဦးတိုက်၍ သပိတ်ယူ၍ ဆွမ်းလောင်းသည် များရှိပါသေးသည်။ ယခုအခါ ထိုအလေ့များ ပျောက်ကွယ်လုနီးပါးဖြစ်၍ လက်အုပ်ချီ၍ ရှိခိုးရသည်ကိုပင် ရှက်ကြောက်နေသူများအား ၀မ်းနည်းဖွယ် တွေ့မြင်ခဲ့ ရပါသည်။ ရဟန်း၊ သံဃာများမဆိုထားနှင့် ကိုရင်ငယ်လေးပင်ဖြစ်ပါစေ မရိုမသေဖြင့် ဆွမ်း မလောင်းသင့်ပါ။ အဘယ့်ကြောင့်ဆိုသော်ကိုရင်၏သီလသည် (၁၁၉)ပါးရှိပါသည်။ ထိုကဲ့သို့ သီလဆင်းမြန်းထားသည့် ရဟန်းသံဃာ၊ ကိုရင်များသည်သာသနာကြီး အဓွန့်ရှည်ကြာ တည်တံ့စေရေးနှင့် သံသရာမှလွှတ်မြောက်ကြောင်းတရားများကို ဟောကြားပြသပေးမည့် မိမိတို့၏ ဆရာကောင်း၊ ဆရာမြတ် များဖြစ်သောကြောင့်ပင်။ သူတော်ကောင်း သူမြတ်လောင်း များအား လက်အုပ်ချီမိုးရခြင်းကို မိမိတို့အနေဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်သင့်လှပေသည်။ ၀မ်းမြောက်ဝမ်းသာဖြစ်သည်နှင့်အညီ အကျိုးကျေးဇူးလည်းကြီးမားလှပါသည်။ ထိုအတူ သာ သနာ ၀န်အားထမ်းဆောင်နေကြသည့် ဆရာတော်၊ သံဃာတော်များနည်းတူ ဆရာလေး (မယ်သီလရှင်) များသည်လည်း ကိုးကွယ်ဆည်းကပ်ရမည့် သူတော်ကောင်းများဖြစ်ပါသည်။ ဆရာလေး(မယ်သီလရှင်) အား လူအများစုက ရှိမခိုးသည်ကိုတွေ့ရပါသည်။ ကျွန်တော်သည် လည်း ယခင်ကရှိခိုးရ၊ မရှိခိုးရအား ဇဝေဇ၀ါဖြစ်ခဲ့ဖူး၍ ထိုအကြောင်းအား မေးမြန်းမှသိခဲ့ ရပါသည်။ ဆရာလေးများ၏စောင့်ထိန်းရ သောသီလ(၉၃)ပါးရှိပါသည်။ အချို့က ဆရာလေး များအား မိမိသူငယ်ချင်းကဲ့သို့ ဆက်ဆံနေကြသည်ကိုလည်း တွေ့နေရပါသည်။ မိမိကိုယ် မိမိ အကုသိုလ်ဖြစ်နေမှန်းပင်မသိကြတော့ပေ။ အကျင့်သီလနှင့်ပြည့်စုံသော ပုဂ္ဂိုလ်အားရှိခိုးခြင်း သည် မြတ်သောရှိခိုးခြင်းပင်။ ဆွမ်းလောင်းလှူရာ၌ လောင်းစရာဆွမ်းမရှိလျှင်ပင် ကန်တော့ ဆွမ်းအား အရိုအသေ လက်အုပ်ချီမိုး၍ရှိခိုး သင့်ပေသည်။ လူပုဂ္ဂိုလ်များသည် မိမိထက် အသက်ငယ်သောသီလရှင်များကို ရှိခိုးဦးချနိုင်သည်။ သီလရှင်များသည် မိမိထက် အသက် ကြီးသောလူပုဂ္ဂိုလ်တို့အား ရှိခိုးဦးချခြင်းမပြုရပါ။ အကြောင်းမှာ သီလရှင်များသည် သာသနာ အနွယ်ဝင်(ဘိက္ခုနီနွယ်ဝင်)ဘိက္ခုနီအသွင်ကိုဆောင်သော ပုဂ္ဂိုလ်များဖြစ်ပါသည်။ သီလရှိ သည်ဖြစ်စေ၊ သီလမရှိသည်ဖြစ်စေ၊ အသက်ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ဘိက္ခုနီအ သွင်ကိုဆောင်ထားခြင်းသည်ပင် သာသနာတည်ခြင်း၏ အကြောင်းရင်းဖြစ်၍ ရှိခိုးဦးချထိုက် လှပါသည်။လူပုဂ္ဂိုလ်သည် အသက်ကြီးရုံတင်မက အနာဂါမ်ကြီးဖြစ်စေကာမူ ယနေ့ပြုသစ်စ ကိုရင်လေးကိုရှိခိုးထိုက်၏။

ထို့ကြောင့်ထင်ရှားသောအသွင်များကို မဆိုထားနှင့် သာသနာကွယ်ကာနီးတွင် နားရွက်၊ လည်ပင်း၌ သင်္ကန်းအစလေးချည်ထားသောပုဂ္ဂိုလ်ကိုပင် ရဟန်းသံဃာအမှတ်လှူဒါန်း လျှင် သံဃိက အကျိုးကျေးဇူးများရနိုင်ပါ သေးသည်ဟူ၍ (ပူဇာစ ပူဇနေယျာနံ) ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည်ကောင်းမြတ်သောမင်္ဂလာ တစ်ပါးဖြစ်ကြောင်းဖော်ပြလို၍ ဤပို့စ်အားရေးသား
အပ်ပါသည်။

ပိဋကတ် ( ၃ )ပုံ


ဗုဒ္ဓဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကာလတစ်လျှောက်လုံးတရားဒေသနာတော်များကို
စဉ်တစိုက်ဟောပြောခဲ့၏။ ဘုရားရှင်၏ တရားအားလုံးသည် ဓမ္မက္ခန္ဓာပေါင်း
( တရားအစုံအရေတွက်အားဖြင့် ) ၈၄၀၀၀ ရှိ၏။ ဤတရားစုအားလုံး ကိုပေါင်းပြီး
• ပိဋကတ် သုံးပုံ (သို့မဟုတ်)
• နိကာယ်ငါးရပ် ဟုခေါ်သည်။
ပိဋကတ်ကိုခြင်းတောင်းဟုလည်းအနက်အဓိပ္ပါယ်ထွက်၏။အနောက်တိုင်းပညာရှင်တို့က
ပိဋ
ကတ်ဟူသောပုဒ်ကို ဗုဒ္ဓ၏တရားတော်များသိုလှောင်ရာ ရတနာသိုက်ဟုအဓိပ္ပါယ်
ကောက်ယူ
ကြ၏။ အာဂုံအနက်ဟုယူဆကြောင်းကို“အိန္ဒိယပြည် ၌ရေကန်တူးသောအခါ
အလုပ်သမား
များသည် မြေများကိုခြင်းတောင်းများဖြင့် ထည့်ကာ လက်ဆင့်ကမ်း၍ အ
ဆင့်ဆင့်သယ်ဆောင်
ကြသည်။ထိုနည်းတူစွာဗုဒ္ဓ၏တရားတော်များကိုဆရာအဆက်ဆက်မှ တပည့်အဆက်ဆက်သို့အစဉ်အတိုင်းပို့ချ၍နူတ်တက်အာဂုံဆောင်ယူခဲ့သောကြောင့် ဖြစ်သည်”ဟုဥပမာဖြင့်တင်ပြကြသည်။မြတ်စွာဘုရားရားရှင်စကားတော်သည်ရသအား
ဖြင့်ရေတွက်သောအခါတစ်ပါးသာရှိ၏။တစ်ပါးဟူသည်ကိလေသာတို့မှလွှတ်မြောက်မူ
အရဟတ္တဖိုလ်ဟူသောဝိမုတ္တိရသဖြစ်၏။

ဗုဒ္ဓ၏တရားတော် ဖြစ်သော ပိဋကတ်စာပေများကို ပိဋကတ်အားဖြင့်
(က) ၀ိနည်းပိဋကတ်
( ခ) သုတ္တန်ပိဋကတ်
(ဂ) အဘိဓမ္မာပိဋကတ် ဟူ၍ သုံးမျိုးခွဲခြားထားသည်။
ဤသုံးမျိုးသုံးစားရှိသောကြောင့်ပိဋကတ်သုံးပုံဟုခေါ်ပါသည်။ ဖတ်ရှုနိုင်ရန်အလို့ငှာဒေါင်းလုပ်လင့်ခ်တွဲပေးထားပါသည်။

အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ ချစ်ခင်နှစ်သက်သူများနှင့် ကွေကွင်းရခြင်း၊ မချစ်မနှစ်သက် သူများနှင့် ပေါင်းသင်းဆက် ဆံရခြင်း၊ အလိုရှိသည်ကိုမရခြင်းသည် သံသရာ၏ ဆင်းရဲ ဒုက္ခပင်ဖြစ်သည်။ သံသရာဝဋ်ဆင်းရဲနှင့် အစဉ်တွေ့အောင် လုပ်ပေးသော အကြောင်း သည်တဏှာဖြစ်သည်။ တဏှာဆိုသည်မှာတပ်မက်ခြင်းဟု အဓိပ္ပါယ်ရ၏။ မိမိကိုယ် ကိုတပ်မက် ခြင်း၊ မိမိ ပစ္စည်းဥစ္စာကို တပ်မက်ခြင်း၊ မိမိသားမယားအားတပ်မက်ခြင်း၊ သက်ရှိသက်မဲ့ အားလုံးကို တပ်မက်ခြင်းသည် တဏှာဖြစ်၏။ သံသရာမှ လွှတ်ကင်းခြင်းဆိုသည်မှာ သတ္တ၀ါ တစ်ဦးသည် သေပြီးသည့်နောက် ၃၁ ဘုံ ရှိသည့်အနက် မည်သည့်ဘုံ၌ မှပြန်မဖြစ်ခြင်းကို ဆိုလိုပါသည်။ သံသရာမှလွှတ်ကင်းရအောင်...
( ၁ ) သီလလုံခြုံရမည်၊
(၂ ) သမာဓိခိုင်ခံ့အောင်ပွားများရမည်၊
( ၃ ) ပညာစခန်း(၀ိပဿနာ)သို့ရောက်အောင် လှမ်းရပါမည်။
• သီလနှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည် ကွယ်လွန်သည့်အခါ လူဘ၀နှင့်နတ် ဘ၀မှာ ပြန်ဖြစ်နိုင် ပါသည်။
• သမာဓိနှင့်ပြည့်စုံမှသာ ဗြဟ္မာဘုံသို့ ရောက်နိုင်သည်။
• ထို့အတူ ၀ိပဿနာ တရားအားထုတ် မှသာလျှင် နိဗ္ဗာန်သို့ ရောက်နိုင်ပါမည်။


ပညာအဆင့် ( ၀ိပဿနာ ) ရောက်အောင်လုပ်ရန် အဓိကကျသောအချက်မှာ ရုပ် နာမ် ခန္ဓာတို့၏ ဖြစ်ပျက် သဘောကိုမြင် အောင် လုပ်ခြင်းဖြစ်၏။ဤ အမြင်ကိုမရသရွေ့၊ မကျင့်သ၍ နိဗ္ဗာန် စခန်းသို့ ရောက်နိုင်မည် မဟုတ်ပေ။ဘုရားရှိ ခိုး၊ဘုရားမှာ ဆုတောင်းနေရုံ နှင့်မရနိုင်ပါ။ ဆရာသမား များ၏ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာပြီး လုံ့လ၀ီရိယရှိခြင်းဖြင့် အောင်မြင်မူ ပန်းတိုင်သို့ အရောက်လှမ်း နိုင်ပါသည်။ ဆရာကောင်း နှင့်တွေ့ ခြင်းသည် မိမိ၏ အလုပ်ကို ၁၀၀ ရာခိုင် နူန်းပြီးစီးအောင်မြင် နိုင် သည်ဟုပင် မြတ်စွာဘုရားရှင်ကအရှင်အာနန္ဒာ အားမိန့်ကြားခဲ့ဖူးပါသည်။ တရားထိုင်သောပုဂ္ဂိုလ်သည် တစ်သက်လုံးရပ်နားခြင်းမရှိ သောစိတ် တဖြည်းဖြည်း တည်ငြိမ်လာသည်ကို တွေ့ရပါမည်။စိတ်တည်ငြိမ်မူရလာသည့်အခါ လောဘနှင့် ဒေါသတို့ကင်းစင်၍ ထိုသို့ကင်းစင်သည်နှင့် အမျှ အမြင်မှန်ကိုရကာ အရိယာ စခန်းသို့ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလာပါမည်။ မိမိတို့၏ စိတ်တွင် ဒီဘ၀နိဗ္ဗာန် ရောက်ကို ရောက်ရမည်ဟု စိတ်နှင့်ကျင့်ကြံပါ။ ( ၇ )ရက်နှင့် မရလျှင် ( ၇) လ ၊ ( ၇ ) လနှင့်မရလျှင် ( ၇ ) နှစ် ကျင့်ကြံလျှင် ရောက်နိုင်ပါသည်ဟု ဘုရားရှင် ဟောကြားခဲ့ပါသည်။ တစ်ရက်ထဲနှင့် လည်းရနိုင်ပါသည်။ ကိလေသာ ကြားမခိုဖို့ အရေးကြီး ပါသည်။

ဝိပဿနာကိုရှုမှတ် ပွားများရင်း ကွယ်လွန်သွားခဲ့သော ကျောက်မဲမြို့မှ မထက်ထက်အောင်သည် အသက် အားဖြင့် (၁၄ ) နှစ် သာရှိပါသေးသည်။ မသေမှီကပင် ၀ိပဿနာ တရားအားထုတ်ခဲ့ပြီး ကွယ်လွန်ခါနီး အချိန်တွင်တရားရှုမှတ် ရင်းတရားဖြင့် ကွယ်လွန်သွားသဖြင့်( စူဠသောတာ ပန်)အဖြစ်သို့တက်လှမ်းသွားခဲ့သောမထက်ထက်အောင်၏ ဈာပနမှတ်တမ်း VCD လေးအား သံဝေဂယူ ပွားများ အားထုတ်နိုင်စေရန်အလို့ငှာ လက်ဆင့်ကမ်းလိုက်ရပါသည်။


အဘိဓမ္မာအနှစ်ချုပ်တရားတော်
အဘိဓမ္မာ
သည်လော ကသုံးပါးနှင့် နိဗ္ဗာန် တို့၏အကြောင်းအရာများကို တကယ် အစစ်အမှန်ရှိသည့် ပရမတ္ထတရား ၄-ပါးတို့ဖြင့် ခွဲခြမ်းစိတ်ဖြာ ၍ ဟောကြားထားသောတရားတော် ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာသည် အဘိဓမ္မာဒေသနာတော်ကို တာဝတိံသာ နတ်ပြည်၌ ၀ါတွင်းသုံးလ ၊တစ်နည်းရက်ပေါင်း (၉၀) တိတိ မရပ်မနား ဟောကြားခဲ့ပါသည်။ဤအဘိ ဓမ္မာဒေသနာတော်ကိုဓမ္မသေနာပတိ အကျော်အ၇ှင်သာရိပုတ္တရာမထေရ်မော်က အကျဉ်းချုံးကာမိမိ၏ တပည့်ငါးရာတို့အားလူ့ပြည်၌တစ်ပြိုင်တည်း ပို့ချပေးခဲ့ပါသည်။

လူတို့အားဆိုးသွမ်းယုတ်ညံ့ဆင်းရဲစေတတ်သည့် အကုသိုလိစေတသိတ်များကို လည်းကောင်း၊ လူတို့၏ဘ၀ကိုမြင့်မြတ်တင့်တယ်ချမ်းသာစေတတ်သည့် သောဘဏ စေတသိတ်များကိုလည်းကောင်း၊ ကောင်းမြတ်သည့်လုပ်ငန်းများ၌အောင်ပန်းဆင်စေတတ်သောဗလအင်အားနှင့်
အဓိပတိတရားများကိုလည်းကောင်း၊ ၀ဋ်ဆင်းရဲတွင်းမှ လွှတ်မြောက်စေပြီး အချမ်းသာဆုံးသန္တိသုခကိုရရှိစေသောကျင့်စဉ်
အမှန်တရားကိုလည်းကောင်း၊ ဗုဒ္ဓအဘိဓမ္မာကတိတိ ကျကျ ညွှန်ပြထားပါသည်။

အတုမရှိအောင် အနှစ်သာရရှိလှသော အတိုင်းမသိအောင် အကျိုးကျေးဇူးကြီးမားလှသော အဘိဓမ္မာအနှစ်ချုပ်ကို လူဖြစ်ကျိုးနပ်အောင် သာသနာတော်နှင့် ကြုံကြိုက်ရကျိုးနပ်အောင် ဆည်းပူးလေ့လာနိုင် ရန်အလို့ငှါ ဒေါက်တာ မင်းတင်မွန် ၏ အဘိဓမ္မာအနှစ်ချုပ် တရားတော်MP-3 များ အားဆည်း ပူးလေ့လာနိုင်ရန် အလို့ငှာ လမ်းညွှန် လိုက် ရပါသည်။

၁။မကုန်ဆုံးသော မေတ္တာတရားတော်

၂။မေမေ နှင်ထုတ်တေးတစ်ပုဒ်တရားတော်

၃။ပျော်ချင်သူလူအများလိုက်ကြမလားတရားတော်

၎။ပုထုစဉ် နှစ်မျိုးခွဲခြား ခက်တရားတော်

၅။ရေမျောကမ်းတင်ဖူးစာရှင်တရားတော်

၆။ဝိဘက်ကြမ္မာ မပြေးသာတရားတော်

၇။ကျောက်ခဲလေးဘ၀ဆုံးရှာပြီတရားတော်

၈။မုန်းစိတ် မရည်ရွယ် တရားတော်

၉။ရှင်ဥပဂုတ္တတရားတော်

၁၀။မိဘဂုဏ်ရည်သားမှာတည် တရားတော်

၁၁။လူလားခွေးလားတရားတော်

၁၂။မချစ်တာနဲ့ရန်ညိုးဖွဲ့ ၊မချစ်လို့မုန်းအသက်ဆုံးတရားတော်အပိုင်း(၁)

၁၃။မချစ်တာနဲ့ရန်ညိုးဖွဲ့ ၊မချစ်လို့မုန်းအသက်ဆုံးတရားတော်အပိုင်း(၂)

၁၄။ကျေးဇူးရှိမှကျေးစွတ်ရတရားတော်

၁၅။သားသမီးယုံတော့စုံလုံးကန်းတရားတော်

၁၆။အပြိုင်အဆိုင်ဘယ်သူနိုင်တရားတော်

၁၇။ပရိတ်ကြီး(၁၁)သုတ်

၁၈။ဝိပလ္လာသ(၁၂)ပါးတရားတော်

၁၉။လက်နက်ပိုင်ရှင် နို့ထမ်းဘုရင်တရားတော်

၂၀။ဘုရားနဲ့မှဆွေမျိုးတော်ချင်သူတရားတော်

၂၁။တစ်ထပ်ဆွမ်းနဲ့ အမြတ်စခန်းတရားတော်

၂၂။မာယာပြိုင်တရားတော်

၂၃။သန္တတိ အမတ်ကြီးတရားတော် ***

၂၄။ဘယ်သူပြိုင်ပြိုင် မနိုင်တဲ့ အလှူတရားတော်

၂၅။လမ်းနှစ်သွယ်တရားတော်

၂၆။သားဟောင်းချီးမြောက်နတ်ပြည်ရောက်တရားတော်

၂၇။မုန်းလို့ မဟုတ်ဘူးတရားတော်

၂၈။သူခိုးစုံတွဲ သေဆုံးပွဲတရားတော်

၂၉။သေချိန်တန်က သေကြရတရားတော်

၃၀။အနူပညာရှင်ဝင်ချင်ဝင်တရားတော်


ဆရာတော်အရှင်ကုမာရ ဟောကြားသော တရားတော်များ (VCD)
၁။ အရှုံးနှင့် အမြတ်တရားတော်
၂။ အငှားနှင့်သာ အမြတ်ရှာတရားတော်


ဆရာတော်အရှင်ခေမာသီရိ ဟောကြားသော တရားတော် (VCD)
၁။ တောက်ပြောင်သောဘ၀ပိုင်ရှင် ဖြစ်စေချင်တယ်တရားတော်

ဆရာတော်အရှင်ဆေကိန္ဒ ဟောကြားသော တရားတော်များ (VCD)
၁။ အသုံးကျမှအသုံးချတရားတော်
၂။ ချမ်းချမ်းသာသာနေတော့မယ်တရားတော်
၃။ ရှိတာပေး မဝေးစေနဲ့တရားတော်
၎။ တည်တည်ကြည်ကြည်တရားတော်
၅။ မကပ်စုန်းစုန်းမြုပ်ပြန်ပြီတရားတော်
၆။မမြုပ်ပေါ်လွင်တင်ပြန်ပြီတရားတော်
၇။ မတင်မြစ်ကျယ်လူဆယ်ပြီတရားတော်
၈။ မဆယ်လူမြတ် နတ်ဆယ်ပြီတရားတော်
၉။ နတ်မဆယ်လည်း ၀ဲစုပ်ပြီတရားတော်
၁၀။ ၀ဲမစုပ်ပုပ်ဆွေး ဝေးရပြီတရားတော်
၁၁။ ထကာရပ်လည်း မကပ်ပြီတရားတော် (ပထမပိုင်း)
၁၂။ ထကာရပ်လည်း မကပ်ပြီတရားတော်(ဒုတိယပိုင်း)
၁၃။ ထကာရပ်လည်း မကပ်ပြီ တရားတော်(တတိယပိုင်း)
၁၄။ ထကာရပ်လည်း မကပ်ပြီတရားတော် (စတုတ္ထပိုင်း)
၁၅။ ပြောင်းကာလဲကျ မထပြီတရားတော်
၁၆။ တိမ်းကာစောင်းလည်းမပြောင်းပါ တရားတော်
၁၇။ လွတ်ရာယိမ်းတိမ်းပါသည် တရားတော်
၁၈။ မှားမှားမှန်မှန်တရားတော်
၁၉။ တန်းတန်းမတ်မတ်တရားတော်
၂၀။ ယဉ်ယဉ်ကျေးကျေးတရားတော်
၂၁။ ဗြဟ္မာလူနတ်ပူဇော်အပ်၏တရားတော်
၂၂။ ရေတွက်ပိုင်းခြားမဆုံးနိုင်တရားတော်
၂၃။ဘယ်လိုပြင်လို့နေပါမယ်တရားတော်
၂၄။ သူရှိရင်မကြောက်တော့ဘူးတရားတော်
၂၅။ တွေ့၊ မြင်၊ သိ တရားတော်
၂၆။ ကိုယ့်စိတ်ရှိတာသိတာပါတရားတော်
၂၇။ ခဲယဉ်းမှန်းသိရင်ကြိုးစားပေါ့တရားတော်
၂၈။ ကုန်းနေရေနေချမ်းသာစေတရားတော်
၂၉။ အသိရှိလေချမ်းသာလေတရားတော်
၃၀။ တရားရှိမရှိသိပါတယ်တရားတော်
၃၁။ ဆရာ့အမွေတရားတော်
၃၂။ မပူခင်လောင်မှန်းသိတရားတော်
၃၃။ ဘ၀စာမေးပွဲအောင်မြင်နည်းတရားတော်
၃၄။ စိတ်နေကောင်းဖို့တရားတော်
၃၅။ အဝေးမသွားအနားမနေတရားတော် (၁)
၃၆။ အဝေးမသွားအနားမနေတရားတော် (၂)
၃၇။ ရုပ်နာမ်သိမ်းအေးငြိမ်း နိဗ္ဗာန်ပြည်တရားတော် (၁)
၃၈။ ရုပ်နာမ်သိမ်းအေးငြိမ်း နိဗ္ဗာန်ပြည်တရားတော် (၂)
၃၉။ ငြိမ်ငြိမ် ငြိမ်းငြိမ်းတရားတော် (၁)
၄၀။ ငြိမ်ငြိမ် ငြိမ်းငြိမ်းတရားတော် (၂)
၄၁။ လင်းလင်းမှိန်မှိန်တရားတော် (၁)
၄၂။ လင်းလင်းမှိန်မှိန်တရားတော် (၂)
၄၃။ မြန်မြန်ရှင်းရှင်းတရားတော် (၁)
၄၄။ မြန်မြန်ရှင်းရှင်းတရားတော် (၂)
၄၅။ အေးအေးချမ်းချမ်းတရားတော် (၁)
၄၆။ အေးအေးချမ်းချမ်းတရားတော် (၂)
၄၇။ မရသေးတာရနိုင်ပါတယ်တရားတော် (၁)
၄၈။ မရသေးတာရနိုင်ပါတယ်တရားတော် (၂)
၄၉။ အလိုလိုက်အကြိုက်ပါတရားတော် (၁)
၅၀။ အလိုလိုက်အကြိုက်ပါတရားတော် (၂)
၅၁။ ကြောက်စရာကိုကြိုက်၊ ကြိုက်စရာကိုကြောက်နေတတ်တရားတော်
၅၂။ လွန်သွားပြီတရားတော်
၅၄။ မသိသေးလို့ပါတရားတော်
၅၅။ လိုတိုးပိုလျှော့ တရားတော်
၅၆။ လှူပြီးရင်လည်း ယူစမ်းပါဦးတရားတော်
၅၇။ လှူလဲလှူ။ ယူလဲယူကြပါဦးတရားတော်
၅၈။ သူပါလို့ကောင်းတာပါတရားတော်
၅၉။ သိမှဖြစ်မယ် ဖြစ်မှသိမယ်တရားတော်
၆၀။ ချည်ထားမှန်းသိရင် ဖြည်လိုက်ပါတရားတော်
၆၁။ ပြတ်ပြတ်သားသားတရားတော်
၆၂။ ပဋိစ္စသမုပါဒ်တရားတော် (၁)
၆၃။ ပဋိစ္စသမုပါဒ်တရားတော် (၂)
၆၄။ ပဋိစ္စသမုပါဒ်တရားတော် (၃)
၆၅။ ပဋိစ္စသမုပါဒ်တရားတော် (၄)
၆၆။ ပဋိစ္စသမုပါဒ်တရားတော် (၅)
၆၇။ ပဋိစ္စသမုပါဒ်တရားတော် (၆)
၆၈။ ပဋိစ္စသမုပါဒ်တရားတော် (၇)
၆၉။ ပဋိစ္စသမုပါဒ်တရားတော် (၈)
၇၀။အမှန်ကိုပြောနိုင်ပါစေ
၇၁။နောင်ေ၇းအေးရအောင်တရားတော်အပိုင်း(၁)
၇၂။နောင်ေ၇းအေးရအောင်တရားတော်အပိုင်း(၂)
၇၃။ကျော့ကွင်းလွတ်ရအောင်တရားတော်
၇၄။အလကားဖြစ်ကုန်ပါပြီတရားတော်
၇၅။ပဋ္ဌာန်းတရားတော်အပိုင်း(၁)
၇၆။ပဋ္ဌာန်းတရားတော်အပိုင်း(၂)
၇၇။လုပ်ကြည့်စမ်းပါချမ်းသာတယ်တရားတော်အပိုင်း(၁)
၇၈။လုပ်ကြည့်စမ်းပါချမ်းသာတယ်တရားတော်အပိုင်း(၂)
၇၉။နွှံအတွင်းဇွတ်ဆင်းနေကြတယ်တရားတော်အပိုင်း(၁)
၈၀။နွှံအတွင်းဇွတ်ဆင်းနေကြတယ်တရားတော်အပိုင်း(၂)
၈၁။အားရပါးရတရားတော်
၈၂။ကုသိုလ်ဖြစ်ဖို့မလွယ်ပါလေတရားတော်


ဆရာတော်အရှင်အာစာရ ဟောကြားသော တရားတော်များ (VCD)
၁။ သဒ္ဒမ္မဇောတိကဓဇ ပူဇော်ပွဲ
၂။ ယဉ်ကျေးလိမ္မာကလေးတရားတော်
၃။ ယုံလိုက်စမ်းပါကလေးရယ် (၁)
၎။ ယုံလိုက်စမ်းပါကလေးရယ် (၂)
၅။ လိမ္မာစမ်းပါကလေးရယ်
၆။ သူတော်ကောင်းတို့၏နှလုံးသားတရားတော် (၁)
၇။ သူတော်ကောင်းတို့၏နှလုံးသားတရားတော် (၂)
၈။ အားကိုးပါရစေကလေးရယ်
၉။ မိဘကျေးဇူး ဆပ်ကြပါစို့တရားတော် (၁)
၁၀။ မိဘကျေးဇူး ဆပ်ကြပါစို့တရားတော် (၂)
၁၁။ အသက်ပေးပြီး ချစ်တဲ့အမေတရားတော်
၁၂။ နေမ၀င်ခင် ရိက္ခာပြင်တရားတော်
၁၃။ မိဘကျေးဇူး အကျေဆပ်နည်းတရားတော်
၁၄။ ၀ါကျွတ်လေတိုင်း မျက်ရည်ဝိုင်းတရားတော်
၁၅။ အဖေ့နေရာတရားတော်
၁၆။ သေရဦးမယ် သတိထားတရားတော်
၁၇။ လူတိုင်း တာဝန်ကိုယ်စီရှိကြသည်တရားတော် (၁)
၁၈။ လူတိုင်း တာဝန်ကိုယ်စီရှိကြသည်တရားတော် (၂)

ဒေါက်တာ အရှင်ကောဝိဒ VCD တရားတော်များ

ဘယ်သူအဓိကလည်းတရားတော်အပိုင်း(၁)
ဘယ်သူအဓိကလည်းတရားတော်အပိုင်း(၂)
ဘယ်သူအဓိကလည်းတရားတော်အပိုင်း(၃)
ငါလည်းတနေ့တရားတော်အပိုင်း(၁)
ငါလည်းတနေ့တရားတော်အပိုင်း(၂)
တကယ်ယုံရဲ့လားတရားတော်အပိုင်း(၁)
တကယ်ယုံရဲ့လားတရားတော်အပိုင်း(၂)
မနိုင်ချင်ပါနဲ့တရားတော်
ဘာနဲ့ပူဇော်ကြမလဲတရားတော်အပိုင်း(၁)
ဘာနဲ့ပူဇော်ကြမလဲတရားတော်အပိုင်း(၂)
အရိပ်ပမာတရားတော်အပိုင်း(၁)
အရိပ်ပမာတရားတော်အပိုင်း(၂)
စိတ်ဆိုတဲ့စိတ်တရားတော်အပိုင်း(၁)
စိတ်ဆိုတဲ့စိတ်တရားတော်အပိုင်း(၂)
အမွှေခံထိုက်သူဖြစ်ပါစေ တရားတော်အပိုင်း(၁) MP-3
အမွှေခံထိုက်သူဖြစ်ပါစေ တရားတော်အပိုင်း(၂) MP-3
အမွှေခံထိုက်သူဖြစ်ပါစေ တရားတော်အပိုင်း(၃) MP-3


ဆရာတော်အရှင်ဇ၀န ဟောကြားသော တရားတော်များ (VCD)
၁။ ပြုံးသေမဲ့သေတရားတော်
၂။ မိရိုးဖလာဗုဒ္ဓဘာသာနှင့် တကယ့်ဗုဒ္ဓဘာသာတရားတော်
၃။ သရဏဂုံအစွမ်း အံ့မခန်းတရားတော်
၎။ မျက်ရည်မကျခင် သိစေချင်တရားတော်
၅။ ဖန်ဆင်းရှင်သုံးဦးတရားတော်
၆။ ဗုဒ္ဓဘာသာအခြေခံတရားတော် (၁)
၇။ ဗုဒ္ဓဘာသာအခြေခံတရားတော် (၂)
၈။ ဗုဒ္ဓဘာသာအခြေခံတရားတော် (၃)
၉။ ဗုဒ္ဓဘာသာအခြေခံတရားတော် (၄)
၁၀။ ဗုဒ္ဓဘာသာအခြေခံတရားတော် (၅)
၁၁။ အနတ္တမြင်လျှင် နိဗ္ဗာန်ဝင်တရားတော်
၁၂။ သောတာပန်ဂုဏ်ရည်တရားတော်
၁၃။ မိဘကျေူးဇူး ဆပ်ဖူးပြီလားတရားတော် အပိုင်း (၁)
၁၄။ မိဘကျေဇူး ဆပ်ဖူးပြီလားတရားတော် အပိုင်း (၂)
၁၅။ မဂ်တား၊ ဖိုလ်တား အန္တရာယ်များ အပိုင်း (၁)
၁၆။ မဂ်တား၊ ဖိုလ်တား အန္တရာယ်များ အပိုင်း (၂)
၁၇။ ဒါနဘာကြောင့်ပြုရသလဲတရားတော်
၁၈။ လောကသုံးပါးကိုရှုပ်ခြင်းတရားတော်
၁၉။ ဗုဒ္ဓအလိုကျ ဒါနပြုနည်းတရားတော်
၂၀။ အတွင်းရန်သူတရားတော်
၂၁။ ဘေးကြီးလေးပါးတရားတော်
၂၂။ မောင်ကာလ သောတာပန်တည်ပုံတရားတော်
၂၃။ မဂ်ဖိုလ်ရခြင်း၊ မရခြင်းနှင့် ပညတ်ပရမတ်ခွဲခြင်းတရားတော်
၂၄။ အာရုံခြောက်ပါးတရားတော်
၂၅။ ရုပ်ဓါတ်(၈)ပါးတရားတော်
၂၆။ ခန္ဓာငါးပါးတရားတော်
၂၇။ သညာသိနှင့် ပညာသိတရားတော်
၂၈။ ပါရမီထိုက်သည့်ဒါနတရားတော်
၂၉။ ဆရာကောင်းကို ရှာဖွေခြင်းတရားတော်
၃၀။ သုသိမ တရားခိုးခန်းတရားတော်


မဏိရတနာဆရာတော်ကြီး ဟောကြားသော တရားတော်များ (VCD)
၁။ ၀နှစ်လုံးထပ်ကြက်ခြေခတ်နည်းတရားတော်
၂။ သစ္စာထိုက်၊ သစ္စာဆိုက်သည့်တရားတော်
၃။ မူလနှစ်ဖြာလင်္ကာရှင်းတမ်းတရားတော်
၎။ စုန်ရေနှင့်ဆန်ရေတရားတော်
၅။ မိုးကုတ်ဝိပဿစခန်း၏မူ(၆)ချက်တရားတော်
၆။ ၀ိဇ္ဇာနှင့်တဏှာလင်္ကာရှင်းတမ်းတရားတော်
၇။ အရှုံးထဲကအမြတ်တရားတော်
၈။ ဒိဋ္ဌိကပ်ပုံ၊ ခွာပုံတရားတော်
၉။ သာသနာဘယ်လိုပြုကြမလဲတရားတော်
၁၀။ သံသရာလည်ပုံ(မုန့်လုံးစက္ကူကပ်)တရားတော် အပိုင်း (၁)
၁၁။ သံသရာလည်ပုံ(မုန့်လုံးစက္ကူကပ်)တရားတော် အပိုင်း (၂)
၁၂။ သံသရာစက်ဝိုင်းတရားတော်
၁၃။ အမှိုက်ထဲကရွှေတရားတော်
၁၄။ သစ္စာလေးပါးနှင့် မောင်ရင်ခြေထောက်တရားတော်
၁၅။ ပိုင်ရှင်ဖြစ်ပါစေတရားတော်
၁၆။ သပြေသီးမှည့်ကောက်စို့ကွယ်တရားတော်
၁၇။ ရွေ့လျားနေသော နာရီလက်တံများတရားတော်
၁၈။ အာသ၀၀င်ရိုးချိုးရန်တရားတော်
၁၉။ မိဘကျေးဇူးဆပ်ဖူးပြီလားတရားတော်


သီတဂူဆရာတော်ဘုရားကြီး ဟောကြားသော တရားတော်များ (VCD)
၁။ သတ္တဌာန ခုနစ်ပါတ်ဖြစ်စဉ် ဗုဒ္ဓ၀င်
၂။ သံဝေဇနိယလေးဌာန
၃။ မြတ်ဘုရားရွှေတိဂုံ အပိုင်း (၁)
၎။ မြတ်ဘုရားရွှေတိဂုံ အပိုင်း (၂)
၅။ မေတ္တာတရားတော်
၆။ မြတ်ဗုဒ္ဓသရီရပူဇာ အပိုင်း (၁)
၇။ မြတ်ဗုဒ္ဓသရီရပူဇာ အပိုင်း (၂)
၈။ ဣဿာနှင့်မစ္ဆရိယတရား
၉။ အရှင်ဓမ္မပါလဆုတောင်း အပိုင်း (၁)
၁၀။ အရှင်ဓမ္မပါလဆုတောင်း အပိုင်း (၂)
၁၁။ ပညာရှိပါမှ ပွဲဖြစ်သည်တရားတော်
၁၂။ ထုတ်ပြန်ခြင်းနှင့် ဆွဲဆောင်ခြင်းတရားတော်
၁၃။ ကုမုဒြာတွေ ပွင့်တဲ့ညတရားတော် အပိုင်း (၁)
၁၄။ ကုမုဒြာတွေ ပွင့်တဲ့ညတရားတော် အပိုင်း (၂)
၁၅။ သဗ္ဗမင်္ဂလာတရားတော် အပိုင်း (၁)
၁၆။ သဗ္ဗမင်္ဂလာတရားတော် အပိုင်း (၂)
၁၇။ မြတ်ဗုဒ္ဓချီးမွမ်းသောကောင်းမှုတရားတော် အပိုင်း (၁)
၁၈။ မြတ်ဗုဒ္ဓချီးမွမ်းသောကောင်းမှုတရားတော် အပိုင်း (၂)
၁၉။ မဟာပရိတ္တတရားတော်
၂၀။ အဘိဓမ္မာနှင့်ဝိပဿနာတရားတော် အပိုင်း (၁)
၂၁။ အဘိဓမ္မာနှင့်ဝိပဿနာတရားတော် အပိုင်း (၂)
၂၂။ ကုဏ္ဍလကေသီထေရီအပါဒါန်တရားတော် အပိုင်း (၁)
၂၃။
ကုဏ္ဍလကေသီထေရီအပါဒါန်တရားတော် အပိုင်း (၂)
၂၄။ ခုဇ္ဇတရာတရားတော် အပိုင်း (၁)
၂၅။ ခုဇ္ဇတရာတရားတော် အပိုင်း (၂)
၂၆။ ဥတ္တရာဝတ္ထု အပိုင်း (၁)
၂၇။ ဥတ္တရာဝတ္ထု အပိုင်း (၂)
၂၈။ သိကြားမင်းရေးသော ခန္တီစာတမ်းတရားတော် အပိုင်း (၁)
၂၉။ သိကြားမင်းရေးသော ခန္တီစာတမ်းတရားတော် အပိုင်း (၂)
၃၀။ အချိန်နှင့်အလုပ်တရားတော် အပိုင်း (၁)
၃၁။ အချိန်နှင့်အလုပ်တရားတော် အပိုင်း (၂)
၃၂။ သုပ္ပ၀ါသာတရားတော် အပိုင်း (၁)
၃၃။ သုပ္ပ၀ါသာတရားတော် အပိုင်း (၂)
၃၄။ သီလနှင့်ပညာတရားတော်
၃၅။ နိဗ္ဗာနဓမ္မဂုဏ်ရည်တရားတော်
၃၆။ ရတနာသုံးပါးတန်ခိုးတရားတော် အပိုင်း (၁)
၃၇။ ရတနာသုံးပါးတန်ခိုးတရားတော် အပိုင်း (၂)
၃၈။ အတွင်းမီး၊အပြင်မီးတရားတော်
၃၉။ ကရုဏာဘာဝနာတရားတော်
၄၀။ သာသနာတော်ကြီးပွားကြောင်းတရား(၇)ပါးတရားတော် အပိုင်း (၁)
၄၁။ သာသနာတော်ကြီးပွားကြောင်းတရား(၇)ပါးတရားတော် အပိုင်း (၂)
၄၂။ နေ့စဉ်သုံးတရားတော်
၄၃။ ကံကောင်းသူများတရားတော်
၄၄။ ဘ၀ကောင်းကြောင်း(၄)ပါးတရားတော်
၄၅။ အရှုပ်အရှင်းတရားတော်
၄၆။ ဗုဒ္ဓသာသနာတော် ပြန့်ပွားရေးတရားတော်
၄၇။ ဗုဒ္ဓတရားတော်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတရားတော် အပိုင်း (၁)
၄၈။ ဗုဒ္ဓတရားတော်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတရားတော် အပိုင်း (၂)
၄၉။ မျက်မှောက်ခေတ် ကမ္ဘာ့အခြေအနေနှင့် ဗုဒ္ဓတရားတော်
၅၀။ သောတာပန် သံဃာ့ရတနာဂုဏ်ရည်တရားတော်


Download ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း