ပိဋကတ် ( ၃ )ပုံ


ဗုဒ္ဓဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကာလတစ်လျှောက်လုံးတရားဒေသနာတော်များကို
စဉ်တစိုက်ဟောပြောခဲ့၏။ ဘုရားရှင်၏ တရားအားလုံးသည် ဓမ္မက္ခန္ဓာပေါင်း
( တရားအစုံအရေတွက်အားဖြင့် ) ၈၄၀၀၀ ရှိ၏။ ဤတရားစုအားလုံး ကိုပေါင်းပြီး
• ပိဋကတ် သုံးပုံ (သို့မဟုတ်)
• နိကာယ်ငါးရပ် ဟုခေါ်သည်။
ပိဋကတ်ကိုခြင်းတောင်းဟုလည်းအနက်အဓိပ္ပါယ်ထွက်၏။အနောက်တိုင်းပညာရှင်တို့က
ပိဋ
ကတ်ဟူသောပုဒ်ကို ဗုဒ္ဓ၏တရားတော်များသိုလှောင်ရာ ရတနာသိုက်ဟုအဓိပ္ပါယ်
ကောက်ယူ
ကြ၏။ အာဂုံအနက်ဟုယူဆကြောင်းကို“အိန္ဒိယပြည် ၌ရေကန်တူးသောအခါ
အလုပ်သမား
များသည် မြေများကိုခြင်းတောင်းများဖြင့် ထည့်ကာ လက်ဆင့်ကမ်း၍ အ
ဆင့်ဆင့်သယ်ဆောင်
ကြသည်။ထိုနည်းတူစွာဗုဒ္ဓ၏တရားတော်များကိုဆရာအဆက်ဆက်မှ တပည့်အဆက်ဆက်သို့အစဉ်အတိုင်းပို့ချ၍နူတ်တက်အာဂုံဆောင်ယူခဲ့သောကြောင့် ဖြစ်သည်”ဟုဥပမာဖြင့်တင်ပြကြသည်။မြတ်စွာဘုရားရားရှင်စကားတော်သည်ရသအား
ဖြင့်ရေတွက်သောအခါတစ်ပါးသာရှိ၏။တစ်ပါးဟူသည်ကိလေသာတို့မှလွှတ်မြောက်မူ
အရဟတ္တဖိုလ်ဟူသောဝိမုတ္တိရသဖြစ်၏။

ဗုဒ္ဓ၏တရားတော် ဖြစ်သော ပိဋကတ်စာပေများကို ပိဋကတ်အားဖြင့်
(က) ၀ိနည်းပိဋကတ်
( ခ) သုတ္တန်ပိဋကတ်
(ဂ) အဘိဓမ္မာပိဋကတ် ဟူ၍ သုံးမျိုးခွဲခြားထားသည်။
ဤသုံးမျိုးသုံးစားရှိသောကြောင့်ပိဋကတ်သုံးပုံဟုခေါ်ပါသည်။ ဖတ်ရှုနိုင်ရန်အလို့ငှာဒေါင်းလုပ်လင့်ခ်တွဲပေးထားပါသည်။

အိုရခြင်း၊ နာရခြင်း၊ သေရခြင်း၊ ချစ်ခင်နှစ်သက်သူများနှင့် ကွေကွင်းရခြင်း၊ မချစ်မနှစ်သက် သူများနှင့် ပေါင်းသင်းဆက် ဆံရခြင်း၊ အလိုရှိသည်ကိုမရခြင်းသည် သံသရာ၏ ဆင်းရဲ ဒုက္ခပင်ဖြစ်သည်။ သံသရာဝဋ်ဆင်းရဲနှင့် အစဉ်တွေ့အောင် လုပ်ပေးသော အကြောင်း သည်တဏှာဖြစ်သည်။ တဏှာဆိုသည်မှာတပ်မက်ခြင်းဟု အဓိပ္ပါယ်ရ၏။ မိမိကိုယ် ကိုတပ်မက် ခြင်း၊ မိမိ ပစ္စည်းဥစ္စာကို တပ်မက်ခြင်း၊ မိမိသားမယားအားတပ်မက်ခြင်း၊ သက်ရှိသက်မဲ့ အားလုံးကို တပ်မက်ခြင်းသည် တဏှာဖြစ်၏။ သံသရာမှ လွှတ်ကင်းခြင်းဆိုသည်မှာ သတ္တ၀ါ တစ်ဦးသည် သေပြီးသည့်နောက် ၃၁ ဘုံ ရှိသည့်အနက် မည်သည့်ဘုံ၌ မှပြန်မဖြစ်ခြင်းကို ဆိုလိုပါသည်။ သံသရာမှလွှတ်ကင်းရအောင်...
( ၁ ) သီလလုံခြုံရမည်၊
(၂ ) သမာဓိခိုင်ခံ့အောင်ပွားများရမည်၊
( ၃ ) ပညာစခန်း(၀ိပဿနာ)သို့ရောက်အောင် လှမ်းရပါမည်။
• သီလနှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည် ကွယ်လွန်သည့်အခါ လူဘ၀နှင့်နတ် ဘ၀မှာ ပြန်ဖြစ်နိုင် ပါသည်။
• သမာဓိနှင့်ပြည့်စုံမှသာ ဗြဟ္မာဘုံသို့ ရောက်နိုင်သည်။
• ထို့အတူ ၀ိပဿနာ တရားအားထုတ် မှသာလျှင် နိဗ္ဗာန်သို့ ရောက်နိုင်ပါမည်။


ပညာအဆင့် ( ၀ိပဿနာ ) ရောက်အောင်လုပ်ရန် အဓိကကျသောအချက်မှာ ရုပ် နာမ် ခန္ဓာတို့၏ ဖြစ်ပျက် သဘောကိုမြင် အောင် လုပ်ခြင်းဖြစ်၏။ဤ အမြင်ကိုမရသရွေ့၊ မကျင့်သ၍ နိဗ္ဗာန် စခန်းသို့ ရောက်နိုင်မည် မဟုတ်ပေ။ဘုရားရှိ ခိုး၊ဘုရားမှာ ဆုတောင်းနေရုံ နှင့်မရနိုင်ပါ။ ဆရာသမား များ၏ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာပြီး လုံ့လ၀ီရိယရှိခြင်းဖြင့် အောင်မြင်မူ ပန်းတိုင်သို့ အရောက်လှမ်း နိုင်ပါသည်။ ဆရာကောင်း နှင့်တွေ့ ခြင်းသည် မိမိ၏ အလုပ်ကို ၁၀၀ ရာခိုင် နူန်းပြီးစီးအောင်မြင် နိုင် သည်ဟုပင် မြတ်စွာဘုရားရှင်ကအရှင်အာနန္ဒာ အားမိန့်ကြားခဲ့ဖူးပါသည်။ တရားထိုင်သောပုဂ္ဂိုလ်သည် တစ်သက်လုံးရပ်နားခြင်းမရှိ သောစိတ် တဖြည်းဖြည်း တည်ငြိမ်လာသည်ကို တွေ့ရပါမည်။စိတ်တည်ငြိမ်မူရလာသည့်အခါ လောဘနှင့် ဒေါသတို့ကင်းစင်၍ ထိုသို့ကင်းစင်သည်နှင့် အမျှ အမြင်မှန်ကိုရကာ အရိယာ စခန်းသို့ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းလာပါမည်။ မိမိတို့၏ စိတ်တွင် ဒီဘ၀နိဗ္ဗာန် ရောက်ကို ရောက်ရမည်ဟု စိတ်နှင့်ကျင့်ကြံပါ။ ( ၇ )ရက်နှင့် မရလျှင် ( ၇) လ ၊ ( ၇ ) လနှင့်မရလျှင် ( ၇ ) နှစ် ကျင့်ကြံလျှင် ရောက်နိုင်ပါသည်ဟု ဘုရားရှင် ဟောကြားခဲ့ပါသည်။ တစ်ရက်ထဲနှင့် လည်းရနိုင်ပါသည်။ ကိလေသာ ကြားမခိုဖို့ အရေးကြီး ပါသည်။

ဝိပဿနာကိုရှုမှတ် ပွားများရင်း ကွယ်လွန်သွားခဲ့သော ကျောက်မဲမြို့မှ မထက်ထက်အောင်သည် အသက် အားဖြင့် (၁၄ ) နှစ် သာရှိပါသေးသည်။ မသေမှီကပင် ၀ိပဿနာ တရားအားထုတ်ခဲ့ပြီး ကွယ်လွန်ခါနီး အချိန်တွင်တရားရှုမှတ် ရင်းတရားဖြင့် ကွယ်လွန်သွားသဖြင့်( စူဠသောတာ ပန်)အဖြစ်သို့တက်လှမ်းသွားခဲ့သောမထက်ထက်အောင်၏ ဈာပနမှတ်တမ်း VCD လေးအား သံဝေဂယူ ပွားများ အားထုတ်နိုင်စေရန်အလို့ငှာ လက်ဆင့်ကမ်းလိုက်ရပါသည်။


အဘိဓမ္မာအနှစ်ချုပ်တရားတော်
အဘိဓမ္မာ
သည်လော ကသုံးပါးနှင့် နိဗ္ဗာန် တို့၏အကြောင်းအရာများကို တကယ် အစစ်အမှန်ရှိသည့် ပရမတ္ထတရား ၄-ပါးတို့ဖြင့် ခွဲခြမ်းစိတ်ဖြာ ၍ ဟောကြားထားသောတရားတော် ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာသည် အဘိဓမ္မာဒေသနာတော်ကို တာဝတိံသာ နတ်ပြည်၌ ၀ါတွင်းသုံးလ ၊တစ်နည်းရက်ပေါင်း (၉၀) တိတိ မရပ်မနား ဟောကြားခဲ့ပါသည်။ဤအဘိ ဓမ္မာဒေသနာတော်ကိုဓမ္မသေနာပတိ အကျော်အ၇ှင်သာရိပုတ္တရာမထေရ်မော်က အကျဉ်းချုံးကာမိမိ၏ တပည့်ငါးရာတို့အားလူ့ပြည်၌တစ်ပြိုင်တည်း ပို့ချပေးခဲ့ပါသည်။

လူတို့အားဆိုးသွမ်းယုတ်ညံ့ဆင်းရဲစေတတ်သည့် အကုသိုလိစေတသိတ်များကို လည်းကောင်း၊ လူတို့၏ဘ၀ကိုမြင့်မြတ်တင့်တယ်ချမ်းသာစေတတ်သည့် သောဘဏ စေတသိတ်များကိုလည်းကောင်း၊ ကောင်းမြတ်သည့်လုပ်ငန်းများ၌အောင်ပန်းဆင်စေတတ်သောဗလအင်အားနှင့်
အဓိပတိတရားများကိုလည်းကောင်း၊ ၀ဋ်ဆင်းရဲတွင်းမှ လွှတ်မြောက်စေပြီး အချမ်းသာဆုံးသန္တိသုခကိုရရှိစေသောကျင့်စဉ်
အမှန်တရားကိုလည်းကောင်း၊ ဗုဒ္ဓအဘိဓမ္မာကတိတိ ကျကျ ညွှန်ပြထားပါသည်။

အတုမရှိအောင် အနှစ်သာရရှိလှသော အတိုင်းမသိအောင် အကျိုးကျေးဇူးကြီးမားလှသော အဘိဓမ္မာအနှစ်ချုပ်ကို လူဖြစ်ကျိုးနပ်အောင် သာသနာတော်နှင့် ကြုံကြိုက်ရကျိုးနပ်အောင် ဆည်းပူးလေ့လာနိုင် ရန်အလို့ငှါ ဒေါက်တာ မင်းတင်မွန် ၏ အဘိဓမ္မာအနှစ်ချုပ် တရားတော်MP-3 များ အားဆည်း ပူးလေ့လာနိုင်ရန် အလို့ငှာ လမ်းညွှန် လိုက် ရပါသည်။