Showing posts with label လမ်းညွှန်. Show all posts
Showing posts with label လမ်းညွှန်. Show all posts


ဂါရဝေါစနိဝါတောစ-ရိုသေထိုက်သူအားရိုသေခြင်း၊ မိမိကိုယ်အားနှိမ့်ချခြင်းသည်လည်း
မင်္ဂလာတစ်ပါးဖြစ်သည်ဟု မြတ်စွာဘုရားရှင်ဟောကြားခဲ့ပါသည်။ ကျွန်တော်တို့ အားလုံးဟာ ဗုဒ္ဓဘာသာဝင်များဖြစ်သည်နှင့်အညီ ဘုရားရှင်၏အဆုံးအမကို နာခံသူ များပီသအောင် နေထိုင်ကျင့်ကြံကြသင့်ပေသည်။ ထိုကဲ့သို့နေထိုင်ကျင့်ကြံ သူများသည် လည်း တစ်နည်းအားဖြင့် သာသနာအကျိုး သယ်ပိုးနေခြင်းပင်ဖြစ်ပါတယ်။ ထိုကဲ့သို့ ကျင့်ကြံသူပုဂ္ဂိုလ်အား ကိုးကွယ် ဆည်းကပ်ခြင်းသည်လည်း မြတ်သောကိုးကွယ်ခြင်း ပင်ဖြစ်ပါသည်။ ထို့ထက်ပို၍လောကီကို စွန့်ကာသာသနာဘောင်သို့ဝင်၍ ကိလေသာ ကင်းအောင် အားထုတ်နေသည့်ရဟန်း၊ သံဃာများကို ကိုးကွယ်ဆည်းကပ်ခြင်းသည် ပို၍မြင့်မြတ်ပေသည်။မြတ်ဘုရား၏သာသနာတွင် တစ် စုံတစ်ဦး၏ မြင့်မြတ်မူအားသီလ၊ သမာဓိ၊ ပညာဖြင့်သာ တိုင်းတာပေသည်။ ရဟန်းသံဃာများ သည် သိက္ခာပုဒ် ၂၂၇ ခု အကျယ်အားဖြင့် ကုဋ္ဋေကိုးထောင်ရှိသော ၀ိနည်းတော်များအား စောင့်ထိန်းကြ ရပေသည်။ ထိုကဲ့သို့ သီလအရာ၊ သမာဓိအရာ၊ ပညာအရာတွင်စောင့်ထိန်း ထားသည့်ရဟန်း၊ သံဃာများအား၊ ငါးပါးသီလအား မနည်းလုံအောင်ထိန်းနေရသည့် မိမိတို့ ပုထုဇဉ်များ အနေဖြင့် စိတ်ဖြင့်ပင်မပြစ်မှားသင့်ပါ။ ကျွန်တော် သိတတ်စအရွယ်က သံဃာ တော်အရှင်သူမြတ်များ ကြွလာလျှင်အရှင်သူမြတ်၏ ခြေအစုံအားဦးတိုက်၍ သပိတ်ယူ၍ ဆွမ်းလောင်းသည် များရှိပါသေးသည်။ ယခုအခါ ထိုအလေ့များ ပျောက်ကွယ်လုနီးပါးဖြစ်၍ လက်အုပ်ချီ၍ ရှိခိုးရသည်ကိုပင် ရှက်ကြောက်နေသူများအား ၀မ်းနည်းဖွယ် တွေ့မြင်ခဲ့ ရပါသည်။ ရဟန်း၊ သံဃာများမဆိုထားနှင့် ကိုရင်ငယ်လေးပင်ဖြစ်ပါစေ မရိုမသေဖြင့် ဆွမ်း မလောင်းသင့်ပါ။ အဘယ့်ကြောင့်ဆိုသော်ကိုရင်၏သီလသည် (၁၁၉)ပါးရှိပါသည်။ ထိုကဲ့သို့ သီလဆင်းမြန်းထားသည့် ရဟန်းသံဃာ၊ ကိုရင်များသည်သာသနာကြီး အဓွန့်ရှည်ကြာ တည်တံ့စေရေးနှင့် သံသရာမှလွှတ်မြောက်ကြောင်းတရားများကို ဟောကြားပြသပေးမည့် မိမိတို့၏ ဆရာကောင်း၊ ဆရာမြတ် များဖြစ်သောကြောင့်ပင်။ သူတော်ကောင်း သူမြတ်လောင်း များအား လက်အုပ်ချီမိုးရခြင်းကို မိမိတို့အနေဖြင့် ၀မ်းမြောက်ဝမ်းသာဖြစ်သင့်လှပေသည်။ ၀မ်းမြောက်ဝမ်းသာဖြစ်သည်နှင့်အညီ အကျိုးကျေးဇူးလည်းကြီးမားလှပါသည်။ ထိုအတူ သာ သနာ ၀န်အားထမ်းဆောင်နေကြသည့် ဆရာတော်၊ သံဃာတော်များနည်းတူ ဆရာလေး (မယ်သီလရှင်) များသည်လည်း ကိုးကွယ်ဆည်းကပ်ရမည့် သူတော်ကောင်းများဖြစ်ပါသည်။ ဆရာလေး(မယ်သီလရှင်) အား လူအများစုက ရှိမခိုးသည်ကိုတွေ့ရပါသည်။ ကျွန်တော်သည် လည်း ယခင်ကရှိခိုးရ၊ မရှိခိုးရအား ဇဝေဇ၀ါဖြစ်ခဲ့ဖူး၍ ထိုအကြောင်းအား မေးမြန်းမှသိခဲ့ ရပါသည်။ ဆရာလေးများ၏စောင့်ထိန်းရ သောသီလ(၉၃)ပါးရှိပါသည်။ အချို့က ဆရာလေး များအား မိမိသူငယ်ချင်းကဲ့သို့ ဆက်ဆံနေကြသည်ကိုလည်း တွေ့နေရပါသည်။ မိမိကိုယ် မိမိ အကုသိုလ်ဖြစ်နေမှန်းပင်မသိကြတော့ပေ။ အကျင့်သီလနှင့်ပြည့်စုံသော ပုဂ္ဂိုလ်အားရှိခိုးခြင်း သည် မြတ်သောရှိခိုးခြင်းပင်။ ဆွမ်းလောင်းလှူရာ၌ လောင်းစရာဆွမ်းမရှိလျှင်ပင် ကန်တော့ ဆွမ်းအား အရိုအသေ လက်အုပ်ချီမိုး၍ရှိခိုး သင့်ပေသည်။ လူပုဂ္ဂိုလ်များသည် မိမိထက် အသက်ငယ်သောသီလရှင်များကို ရှိခိုးဦးချနိုင်သည်။ သီလရှင်များသည် မိမိထက် အသက် ကြီးသောလူပုဂ္ဂိုလ်တို့အား ရှိခိုးဦးချခြင်းမပြုရပါ။ အကြောင်းမှာ သီလရှင်များသည် သာသနာ အနွယ်ဝင်(ဘိက္ခုနီနွယ်ဝင်)ဘိက္ခုနီအသွင်ကိုဆောင်သော ပုဂ္ဂိုလ်များဖြစ်ပါသည်။ သီလရှိ သည်ဖြစ်စေ၊ သီလမရှိသည်ဖြစ်စေ၊ အသက်ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ဘိက္ခုနီအ သွင်ကိုဆောင်ထားခြင်းသည်ပင် သာသနာတည်ခြင်း၏ အကြောင်းရင်းဖြစ်၍ ရှိခိုးဦးချထိုက် လှပါသည်။လူပုဂ္ဂိုလ်သည် အသက်ကြီးရုံတင်မက အနာဂါမ်ကြီးဖြစ်စေကာမူ ယနေ့ပြုသစ်စ ကိုရင်လေးကိုရှိခိုးထိုက်၏။

ထို့ကြောင့်ထင်ရှားသောအသွင်များကို မဆိုထားနှင့် သာသနာကွယ်ကာနီးတွင် နားရွက်၊ လည်ပင်း၌ သင်္ကန်းအစလေးချည်ထားသောပုဂ္ဂိုလ်ကိုပင် ရဟန်းသံဃာအမှတ်လှူဒါန်း လျှင် သံဃိက အကျိုးကျေးဇူးများရနိုင်ပါ သေးသည်ဟူ၍ (ပူဇာစ ပူဇနေယျာနံ) ပူဇော်ထိုက်သူကို ပူဇော်ခြင်းသည်ကောင်းမြတ်သောမင်္ဂလာ တစ်ပါးဖြစ်ကြောင်းဖော်ပြလို၍ ဤပို့စ်အားရေးသား
အပ်ပါသည်။

ပိဋကတ် ( ၃ )ပုံ


ဗုဒ္ဓဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကာလတစ်လျှောက်လုံးတရားဒေသနာတော်များကို
စဉ်တစိုက်ဟောပြောခဲ့၏။ ဘုရားရှင်၏ တရားအားလုံးသည် ဓမ္မက္ခန္ဓာပေါင်း
( တရားအစုံအရေတွက်အားဖြင့် ) ၈၄၀၀၀ ရှိ၏။ ဤတရားစုအားလုံး ကိုပေါင်းပြီး
• ပိဋကတ် သုံးပုံ (သို့မဟုတ်)
• နိကာယ်ငါးရပ် ဟုခေါ်သည်။
ပိဋကတ်ကိုခြင်းတောင်းဟုလည်းအနက်အဓိပ္ပါယ်ထွက်၏။အနောက်တိုင်းပညာရှင်တို့က
ပိဋ
ကတ်ဟူသောပုဒ်ကို ဗုဒ္ဓ၏တရားတော်များသိုလှောင်ရာ ရတနာသိုက်ဟုအဓိပ္ပါယ်
ကောက်ယူ
ကြ၏။ အာဂုံအနက်ဟုယူဆကြောင်းကို“အိန္ဒိယပြည် ၌ရေကန်တူးသောအခါ
အလုပ်သမား
များသည် မြေများကိုခြင်းတောင်းများဖြင့် ထည့်ကာ လက်ဆင့်ကမ်း၍ အ
ဆင့်ဆင့်သယ်ဆောင်
ကြသည်။ထိုနည်းတူစွာဗုဒ္ဓ၏တရားတော်များကိုဆရာအဆက်ဆက်မှ တပည့်အဆက်ဆက်သို့အစဉ်အတိုင်းပို့ချ၍နူတ်တက်အာဂုံဆောင်ယူခဲ့သောကြောင့် ဖြစ်သည်”ဟုဥပမာဖြင့်တင်ပြကြသည်။မြတ်စွာဘုရားရားရှင်စကားတော်သည်ရသအား
ဖြင့်ရေတွက်သောအခါတစ်ပါးသာရှိ၏။တစ်ပါးဟူသည်ကိလေသာတို့မှလွှတ်မြောက်မူ
အရဟတ္တဖိုလ်ဟူသောဝိမုတ္တိရသဖြစ်၏။

ဗုဒ္ဓ၏တရားတော် ဖြစ်သော ပိဋကတ်စာပေများကို ပိဋကတ်အားဖြင့်
(က) ၀ိနည်းပိဋကတ်
( ခ) သုတ္တန်ပိဋကတ်
(ဂ) အဘိဓမ္မာပိဋကတ် ဟူ၍ သုံးမျိုးခွဲခြားထားသည်။
ဤသုံးမျိုးသုံးစားရှိသောကြောင့်ပိဋကတ်သုံးပုံဟုခေါ်ပါသည်။ ဖတ်ရှုနိုင်ရန်အလို့ငှာဒေါင်းလုပ်လင့်ခ်တွဲပေးထားပါသည်။

အဘိဓမ္မာအနှစ်ချုပ်တရားတော်
အဘိဓမ္မာ
သည်လော ကသုံးပါးနှင့် နိဗ္ဗာန် တို့၏အကြောင်းအရာများကို တကယ် အစစ်အမှန်ရှိသည့် ပရမတ္ထတရား ၄-ပါးတို့ဖြင့် ခွဲခြမ်းစိတ်ဖြာ ၍ ဟောကြားထားသောတရားတော် ဖြစ်ပါသည်။
ဗုဒ္ဓမြတ်စွာသည် အဘိဓမ္မာဒေသနာတော်ကို တာဝတိံသာ နတ်ပြည်၌ ၀ါတွင်းသုံးလ ၊တစ်နည်းရက်ပေါင်း (၉၀) တိတိ မရပ်မနား ဟောကြားခဲ့ပါသည်။ဤအဘိ ဓမ္မာဒေသနာတော်ကိုဓမ္မသေနာပတိ အကျော်အ၇ှင်သာရိပုတ္တရာမထေရ်မော်က အကျဉ်းချုံးကာမိမိ၏ တပည့်ငါးရာတို့အားလူ့ပြည်၌တစ်ပြိုင်တည်း ပို့ချပေးခဲ့ပါသည်။

လူတို့အားဆိုးသွမ်းယုတ်ညံ့ဆင်းရဲစေတတ်သည့် အကုသိုလိစေတသိတ်များကို လည်းကောင်း၊ လူတို့၏ဘ၀ကိုမြင့်မြတ်တင့်တယ်ချမ်းသာစေတတ်သည့် သောဘဏ စေတသိတ်များကိုလည်းကောင်း၊ ကောင်းမြတ်သည့်လုပ်ငန်းများ၌အောင်ပန်းဆင်စေတတ်သောဗလအင်အားနှင့်
အဓိပတိတရားများကိုလည်းကောင်း၊ ၀ဋ်ဆင်းရဲတွင်းမှ လွှတ်မြောက်စေပြီး အချမ်းသာဆုံးသန္တိသုခကိုရရှိစေသောကျင့်စဉ်
အမှန်တရားကိုလည်းကောင်း၊ ဗုဒ္ဓအဘိဓမ္မာကတိတိ ကျကျ ညွှန်ပြထားပါသည်။

အတုမရှိအောင် အနှစ်သာရရှိလှသော အတိုင်းမသိအောင် အကျိုးကျေးဇူးကြီးမားလှသော အဘိဓမ္မာအနှစ်ချုပ်ကို လူဖြစ်ကျိုးနပ်အောင် သာသနာတော်နှင့် ကြုံကြိုက်ရကျိုးနပ်အောင် ဆည်းပူးလေ့လာနိုင် ရန်အလို့ငှါ ဒေါက်တာ မင်းတင်မွန် ၏ အဘိဓမ္မာအနှစ်ချုပ် တရားတော်MP-3 များ အားဆည်း ပူးလေ့လာနိုင်ရန် အလို့ငှာ လမ်းညွှန် လိုက် ရပါသည်။